Header Ads

Breaking News
recent

အမေရိကန်သမ္မတ၏ ဟိုတယ်ကြီးတွင် သံသယဖြစ်ဖွယ် မီးလောင်မှုဖြစ်ပွား



မတ်လ ၃ ရက်နေ့ အစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နယူးယော့ခ်မြို့ရှိ ဟိုတယ်ကြီးမှာ စက်ပစ္စည်းတွေကနေ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။
ဒေသစံတော်ချိန် မနက် ၄ နာရီ ခွဲလောက်မှာ လောင်ခဲ့တဲ့ မီးက သံသယဖြစ်စရာလို့ အာဏာပိုင်တွေက ကနဦးမှာ ပြောခဲ့ကြောင်း အင်နီရှယ်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပေမယ့် ပျက်နေတဲ့ စက်ပစ္စည်းတခုကနေ မီးလောင်ခဲ့တာလို့ ယူဆကြောင်း နောက်ပိုင်းမှာ ရဲတွေက ပြောတယ်လို့ ဒေးလီးမေးလ်သတင်းအရ သိရပါတယ်။
နယူးယော့ခ်မြို့ စင်ထရယ်ပါ့ခ်ရှိ လူစည်ကားရာ ဟိုတယ်ရဲ့ ၄၇ ထပ်မှာ မီးစတင်လောင်ခဲ့တာလို့ အေဘီစီဆဲဗင်း သတင်းအရ သိရပါတယ်။ မနက် ၅ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဇိမ်ခံဟိုတယ်ကြီးကနေ လူတွေ ရွှေ့ပြောင်းဖို့ မလိုအပ်ပေမယ့် ဟိုတယ်ကြီးရဲ့ အပေါ်ထပ်ပိုင်းမှာ ကာဗွန်မိုနိုဆိုဒ်မီးခိုးငွေ့တွေရှိနေလို့ အပေါ်ထပ်အခန်းတွေရဲ့ ပြူတင်းပေါက်တွေကို အနည်းငယ်ဖွင့်ထားတယ်လို့ ဆိုပါတယ်။
မီးခိုးငွေ့တွေ ရှုရှိုက်မိလို့ လူတဦးကိုလည်း ကုသပေးနေရတယ်လို့ သိရပါတယ်။


အခန်းပေါင်း ၁၆၆ ခန်းပါတဲ့ ဟိုတယ်ကြီးကို ၁၉၉၆ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ကျန်းမာရေးအသင်း၊ ချွေးထုတ်ခန်းနဲ့ ရေနွေးငွေ့ပေါင်းတင်ခန်း စတာတွေ ပါဝင်တယ်လို့ ထရမ့်ရဲ့ နိုင်ငံတကာအဆင့် အိမ်ခြံမြေလုပ်ငန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

No comments:

Powered by Blogger.