Header Ads

Breaking News
recent

ထူးခြားစွာ ရှင်သန်နေနိုင်ခဲ့တဲ့ ဦးနှောက်မပါတဲ့ ကလေးငယ် ..!




လွန်ခဲ့တဲ့ငါးနှစ်ခန့်က Shelly နဲ့ Rob တို့ ဇနီးမောင်နှံနှစ်ဦးရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သားငယ်လေးတစ်ယောက် စတင်ဝင်ရောက်လာခဲ့ပါတယ်။ ပထမဦးဆုံး သားဦးလေးမို့ Shelly တို့အတွက် ဝမ်းပန်းတသာဖြစ်ခဲ့ရပေမယ့် ကံမကောင်းအကြောင်းမလှပဲ သူတို့ရဲ့သားငယ်လေးမှာ ဦးနှောက်ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။


ဒီလို ဦးနှောက်မပါလာပဲ လူ့လောကထဲရောက်ရှိလာခဲ့တဲ့ ကလေးငယ်လေးကို Noah လို့ အမည်ပေးထားပြီး အခုဆိုရင်တော့ အသက်ငါးနှစ်အရွှယ်ကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ Noah အနေနဲ့ သူ့မိခင်ဝမ်းဗိုက်ထဲမှာရှိနေစဉ်တုန်းက ကျောရိုးဖွဲ့စည်းမှု လုံးဝမဖွံဖြိုးနေတာကို စစ်ဆေးချက်တွေအရ သိရှိခဲ့ရပါတယ်။

ဒါ့အပြင် Noah ဆီမှာ Hydrocephalus လို့ခေါ်တဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ထဲမှာရှိတဲ့ အရည်တွေများပြားနေတာကြောင့် ဦးနှောက်ကိုထိခိုက်ပျက်ဆီးနေကြောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် Noah ကို အရမ်းကြီးမျှော်လင့်မထားဖို့ ဆရာဝန်တွေက Noah မိဘများကို အသိပေးထားခဲ့ပါတယ်။


ဒါပေမယ့် Noah လေး အသက်အနည်းငယ်ကြီးလာတဲ့အခါမှာတော့ Noah ရဲ့ ဦးနှောက်ဟာ ငယ်စဉ်ကထက် ပိုမိုဖွံဖြိုးလာခဲ့ပါတော့တယ်။ 

တခြားကလေးငယ်တွေထက် ဦးနှောက်ဖွံဖြိုးမှု အားနည်းတဲ့ Noah ဟာ စကားပြောဖို့ ရယ်မောဖို့ကိုတောင် သင်ယူနေရသလို အခုဆိုရင်တော့ တစ်ကနေတစ်ဆယ်အထိကိုတောင် ကောင်းကောင်းရေတွက်နိုင်ပြီဖြစ်ပါတယ်။ ဆရာဝန်များကတော့ Noah အခုလို ပြန်လည်ဖွံဖြိုးလာခြင်းအပေါ် အတော်လေးကို ထူးဆန်းနေကြရပြီး ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့အနေအထားကနေ ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာ။

No comments:

Powered by Blogger.