မျောက်ငယ်လေးကို မိခင်ရှေ့ ရက်ရက်စက်စက် ခုန်အုပ်သတ်ဖြတ်ခဲ့သည့် ကျားသစ်
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သားကောင်ဖြစ်တဲ့ မျောက်ပေါက်စကလေးတကောင်ကို မိခင်မျောက်မကြီးရှေ့မှာ ရက်ရက်စက်စက် ခုန်အုပ်သတ်ဖြတ်ခဲ့တဲ့ ကျားသစ်တကောင်ရဲ့ ဖျတ်လတ်မှုကို တွေ့ရမှာပါ။
မျောက်ကလေးဟာ အန္တရာယ်ကို ကြိုမမြင်နိုင်ခဲ့ဘဲ မိခင်ဖြစ်တဲ့ မျောက်မကြီး၊ တခြားအဖော်တွေနဲ့အတူ လွတ်လွတ်လပ်လပ် ရှိနေခဲ့ချိန်မှာ ကျားသစ်နဲ့ ရင်ဆိုင်တိုးခဲ့ရတာဟာ ကံကြမ္မာဆိုးတခုပါပဲ။
ကျားသစ်ဟာ အဲဒီမျောက်ပေါက်စကလေးကို ချောင်းကာ ခုန်အုပ်ခဲ့ချိန်မှာ ချက်ချင်းတော့ ဖမ်းမိခဲ့တာ မဟုတ်ပါဘူး။
မျောက်ကလေးဟာ သွက်လက်စွာပဲ ထွက်ပြေးနေခဲ့ချိန်မှာ သစ်ပင်ပေါ်ရှိ မျောက်မကြီးက ကြောက်လန့်တကြား အော်ဟစ်ခဲ့တာကို တွေ့ရပါတယ်။
မျောက်ပေါက်စကလေးဟာ မြေပြင်ချုံတွေကြား အသက်လု ထွက်ပြေးခဲ့ချိန်မှာ ကျားသစ်က အသည်းအသန် လိုက်ဖမ်းခဲ့ရပြီး နောက်ဆုံးမှာတော့ မျောက်ကလေးကို လည်ပင်းကနေ ကိုက်ချီနိုင်ခဲ့တာပါ။
ဒါပေမယ့် သစ်ကိုင်းပေါ်မှာ ကိုက်ဖြတ်ပြီး မသတ်နိုင်ခင်မှာဘဲ မျောက်ကလေးက ခုန်ချထွက်ပြေးခဲ့ပြန်တာကို တွေ့ရပါတယ်။
သစ်ကိုင်းကြားက မျောက်ကလေးဟာ သေးငယ်လွန်းတဲ့အတွက် ကျားသစ်ဟာ ရုတ်တရက် ဖမ်းလို့မရအောင် ရှိနေချိန်မှာ မိခင်မျောက်မကြီးကတော့ လွတ်လိုလွတ်ငြား အော်ဟစ်နေခဲ့တာကို တွေ့ရမှာပါ။
ဒါပေမယ့် နောက်ဆုံးမှာတော့ မျောက်ကလေးကို ကျားသစ်က ပြန်လည်ဖမ်းမိသွားခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ ပြုပြင်ဖန်တီးလို့မရတဲ့ သဘာဝတရားရဲ့ ဖြစ်တည်မှုတခုပါပဲ။
No comments: