Header Ads

Breaking News
recent

လေဆိပ်ကားပါကင်တွင်း ဗုံးတွေ့ဟု ခြောက်လှန့်အော်ဟစ်သည့် ဘဏ်ဝန်ထမ်း ဒဏ်ရိုက်ခံရ




ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ် ကားပါကင်တခုအတွင်းမှာ ဗုံးတွေ့တယ်လို့ ခြောက်လှန့်အော်ဟစ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းအမျိုးသားဟာ ဘတ် ၁၀၀၀ ဒဏ်ငွေရိုက်ခံခဲ့ရတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အေရွန်အမည်ရတဲ့ အဲဒီအမျိုးသားဟာ လေဆိပ်တွင်း တားမြစ် ကားပါကင်ဧရိယာထဲကို ကားထိုးဝင်လာခဲ့တာပါ။
သူ့ကားကို လေဆိပ်တာဝန်ကျ လုံခြုံရေးဝန်ထမ်းက စစ်ဆေးဖို့ တားချိန်မှာ သူက ကားကို ရပ်လိုက်ပြီး ကားတွင်းက စက္ကူပုံးတပုံးကို ထုတ်ကာ အဲဒီပုံးကို လုံခြုံရေးဝန်ထမ်းရှေ့ ပစ်ချကာ “ဗုံး၊ ဗုံး” လို့ အော်ပြီး ထွက်ပြေးခဲ့တာပါ။
အဲဒီနောက် အေရွန်က အဲဒီစက္ကူပုံးထဲမှာ ဘာဗုံးမှမရှိဘူးလို့ ပြန်ပြောခဲ့တာပါ။
ဒါပေမယ့် လုံခြုံရေးဝန်ထမ်း အမျိုးသားက သူ့အထက်တာဝန်ရှိသူကို အကြောင်းကြားခဲ့ပြီး အေရွန်ကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
အေရွန်က သူဟာ လုံခြုံရေးဝန်ထမ်း အမျိုးသားကို သူ့ရဲ့အသိမိတ်ဆွေလို့ ထင်ခဲ့ပြီး အပြောင်အပျက်သဘောနဲ့ စနောက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။


ဒါပေမယ့် လေဆိပ်တာဝန်ကျ ရဲတွေကတော့ သူ့ကို ဘတ်ငွေ ၁၀၀၀ ဒဏ်ရိုက်ခဲ့ကာ နောက်တကြိမ် ခုလို ထပ်မံမကျူးလွန်ဖို့ သတိပေးခဲ့ပါတယ်။

No comments:

Powered by Blogger.