ပိုဒေါ့စကီး၏လှပသည့်သွင်းဂိုးဖြင့် ဂျာမနီက အင်္ဂလန်ကို အနိုင်ရ
ဒီကနေ့မနက်အစောပိုင်းက ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဂျာမနီအသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး-ဂိုးမရှိ အနိုင်ရရှိခဲ့ပါတယ်။
အိမ်ရှင်ဂျာမနီအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ပိုဒေါ့စကီးက သွင်းယူပေးခဲ့တာပါ။
ဂျာမနီအသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ သမိုင်းဝင်ပြိုင်ဘက်အသင်းတွေဖြစ်ကြပြီး ၂ သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာကို တွေ့ရပါတယ်။
ပွဲကစားချိန် ပထမပိုင်းမှာတော့ တသင်းနဲ့ တသင်း အနိုင်ဂိုးသွင်းမယူနိုင်ခဲ့ကြပဲ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာမှ ပိုဒေါ့စကီးက သွင်းယူပေးနိုင်ခဲ့တာပါ။
ဒီပွဲရလဒ်ကြောင့် ဂျာမနီအသင်းဟာ ၆၄၈ မိနစ်ကြာ နိုင်ငံတကာပွဲစဉ်တွေမှာ ဂိုးမပေးရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ရတာပါ။
No comments: