Header Ads

Breaking News
recent

အကြမ်းဖက်မှုသံသယရှိသူ ဆိုမာလီယာနိုင်ငံသားတဦးကို ကော်စတာရီကာ ဖမ်းဆီး





ကော်စတာရီကာအစိုးရက နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ သံသယရှိသူ ဆိုမာလီယာ နိုင်ငံသားတဦးကို မတ်လ ၂၃ ရက်က ဖမ်းဆီးလိုက်ပါတယ်။
သူဟာ အိမ်နီးချင်း ပနားမားနိုင်ငံကနေ ကော်စတာရီကာနိုင်ငံထဲဝင်လာစဉ် ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်စတာရီကာ လုံခြုံရေးဝန်ကြီးက “အီဘရာဟင်လို့ အမည်ပေးထားတဲ့ ဆိုမာလီယာ နိုင်ငံသားတယောက် တိုင်းပြည်ထဲ ၀င်လာပါတယ်။ သူဟာ တောင်အမေရိက ကနေ အမေရိကန်နိုင်ငံဆီ ရွှေ့ပြောင်းနေထိုင်မယ့်သူတွေထဲက တယောက်ပါ။ ကျနော်တို့ရဲ့ ရွှေ့ပြောင်းနေထိုင်သူ ထိန်းချုပ်ရေးအဖွဲ့ကနေ တောင်းဆိုတာကြောင့် ပနားမား နယ်စပ်အာဏာပိုင်တွေက သူ့ကို ချက်ချင်းစစ်ဆေးပြီး ကျနော်တို့ဆီ သတင်းပို့ခဲ့ပါတယ်။ ဒီသတင်းကို  ကျနော်တို့က အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အခွန်ထိန်းချုပ်ရေးဌာနဆီ ချက်ချင်းပေးပို့ခဲ့ပါတယ်။ နာရီ ၃၀ ကနေ ၃၆ နာရီလောက်ကြာပြီးတဲ့နောက်မှာ သူ့ကိုဖမ်းဖို့ အမေရိကန် အာဏာပိုင်တွေက တုံ့ပြန်ခဲ့တယ်” လို့ ရှင်းပြသွားပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်က အချက်အလက်တွေ ထောက်ပံ့ပေးနေပြီး အိမ်နီးချင်းနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒီအတွက် လူ ၂ သောင်းလောက်ထဲကနေ အသက် ၂၅ နှစ်အရွယ် အီဘရာဟင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှင်းပြ သွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.