Header Ads

Breaking News
recent

အောင်ဝင်းခိုင်တို့ဆွေးနွေးခဲ့ချိန် ဆိုင်ပိတ်တယ်၊ မပိတ်ဘူးဆိုတာ မမှတ်မိဘူးဟုဆို (ရုပ်သံ)



အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံဖို့ စီစဉ်ခဲ့သူ အောင်ဝင်းခိုင် နဲ့ ဇေယျာဖြိုးတို့ မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက လာရောက်တွေ့ဆုံခဲ့ကြတယ်ဆိုပြီး ပြည်ထဲရေးက ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မော်ဒန်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသန်းဌေးကတော့ အဲဒီအချိန်က သူတို့အနေနဲ့ ဆိုင်ပိတ်ထားတယ်လို့ ပြောကြားခဲ့ကြောင်း မတ်လ ၁ ရက်နေ့ မြန်မာသံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက မော်ဒန်လက်ဖက်ရည်ဆိုင်ကို သွားရောက်မေးမြန်းရာမှာ ဆိုင်ရှင် ဦးသန်းဌေးကို မတွေ့ရဘဲ ဆိုင်ရဲ့ ကောင်တာ ၀န်ထမ်းကတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ ဆိုင်ပိတ်တယ်၊ မပိတ်ဘူးဆိုတာ မမှတ်မိတော့ဘူးလို့ ပြောပါတယ်။
ဒီဗွီဘီသတင်းထောက် စည်သူဇေယျက တာမွေမြို့နယ် ဗညားဒလလမ်း မော်ဒန်လက်ဖက်ရည်ဆိုင်ကနေ တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။

No comments:

Powered by Blogger.