Header Ads

Breaking News
recent

ထိုင်းတွင် မျိုးတုံးလုစာရင်းဝင် အင်ဒိုချိုင်းနားကျားမျိုးကောင်ရေ တိုးပွားနေသည့်လက္ခဏာ တွေ့ရ





ထိုင်းနိုင်ငံအရှေ့ပိုင်းက အမျိုးသားကာကွယ်တောထဲမှာ မျိုးတုံးပျောက်ကွယ်လုစာရင်းဝင်နေတဲ့ အင်ဒိုချိုင်းနား ကျားမျိုးကောင်ရေ တိုးပွားနေတဲ့လက္ခဏာ တွေ့မြင်ရတယ်လို့ ကျားမျိုးကာကွယ်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက မတ်လ ၂၈ ရက်မှာ ပြောဆိုပါတယ်။
အမျိုးသားကာကွယ်တောတွင်း ချထားခဲ့တဲ့ ကင်မရာတွေထဲမှာ အနည်းဆုံး ကျား ၆ ကောင် တွေ့ရှိခဲ့ပြီး ထိုင်းအစိုးရရဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အစီအမံတွေ ထိရောက်အောင်မြင်လို့ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကမ္ဘာတဝန်း ကျားတွေကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှု၊ ကျားတွေအတွက် စားကျက် နည်းပါးလာမှုတွေကြောင့် ကမ္ဘာတဝန်း ကျားမျိုးစိတ် ၂၅၀ အောက်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းကို ထိုင်းအမျိုးသားကာကွယ်တောဌာန အာဏာပိုင်တွေနဲ့ ကျားမျိုးစိတ်ကာကွယ်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Freeland and Panthera အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
ထိုင်းအမျိုးသားကာကွယ်တောဦးစီးဌာန ညွှန်ကြားရေးမှူး တဦးကတော့ ကျားတွေကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုကို အစိုးရက ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းခဲ့မှုဟာ အခုလို ကျားကောင်ရေ ပြန်တက်လာမှုမှာ အဓိကကျတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ကျားတွေကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်သူတွေကလည်း အဆင့်မြင့်လက်နက်တွေ သုံးစွဲလာတဲ့အတွက် သစ်တောဌာနအနေနဲ့ အထူးအလေးထား စောင့်ကြည့်ကာကွယ်သွားရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၁၀၀ က ကမ္ဘာတဝန်း ကျားကောင်ရေ ၁ သိန်းလောက် ရှိခဲ့တာကနေ အခုတော့ ကျားကောင်ရေ ၄၀၀၀ တောင် မပြည့်တော့ဘူးလို့ ကျားမျိုးကာကွယ်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

No comments:

Powered by Blogger.