ပြိုင်ဆိုင်မှုပြင်းထန်သည့် ပရီးမီးယားလိဂ်ကြောင့် အင်္ဂလန်ကလပ်များ ဥရောပတွင် အောင်မြင်မှုမရဟု ဘေးလ် ပြော
အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြောင့် ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောလိုက်ပါတယ်။
စပိန်လာလီဂါမှာ အမှတ်ပေးဇယား အောက်ခြေက အသင်းတွေနဲ့ ပွဲမှာဆိုရင် ပထမပိုင်းကတည်းက ဂိုးတွေသွင်းပြီး အဓိက ကစားသမားတွေကို အနားပေးလို့ရပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ အဲဒီလို ကစားလို့မရဘူးလို့ ဘေးလ်က ဆိုပါတယ်။
ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအောက်ခြေက အသင်းတွေနဲ့ပွဲမှာ အနိုင်ရဖို့ ခက်ခဲတဲ့အတွက် မိနစ် ၉၀ ပြည့် ပွဲကို အာရုံစိုက်ကစားရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ခရစ္စမတ်ကာလမှာလည်း ပွဲကြပ်တွေ ဆက်တိုက်ကစားရပြီး ကစားသမားတွေကို ပင်ပန်းနွမ်းနယ်စေတာကြောင့် အင်္ဂလန်ကလပ်တွေအနေနဲ့ ဥရောပပြိုင်ပွဲမှာ ရုန်းကန်နေရတာဖြစ်တယ်လို့ ဂါရတ်လ်ဘေးက ပြောကြားခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ဂါရတ်ဘေးလ်ဟာ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၆ ချန်ပီယံလိဂ်ဖလား ၂ လုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
No comments: