Header Ads

Breaking News
recent

ဆွဲသီးအရွယ် အသံဖမ်းပြီး စာသားပြောင်းနိုင်သည့်ပစ္စည်း ယူကရိန်း တီထွင် (ရုပ်သံ)


ယူကရိန်း ပရိုဂရမ်ရေးသူတယောက်က အသံကိုဖမ်းယူပြီး စာသားဖြစ်အောင် ပြောင်းပေးနိုင်တဲ့ လည်ဆွဲသီး အရွယ်အစားရှိတဲ့ ပစ္စည်းတခုကို တီထွင်လိုက်ပါတယ်။
ဆွဲသီးလေးကို ဆန့်စ်စတုံးလို့ နာမည်ပေးထားပြီး ယူကရိန်းနိုင်ငံ ကိယက်ဗ်နဲ့ လဗိယတ် မြို့တွေက ပရိုဂရမ်မာတွေ စုပေါင်းဖန်တီးခဲ့တာပါ။
သုံးစွဲသူရဲ့အသံကို စာသားအဖြစ် ပြောင်းပေးပြီး ဖုန်း ဒါမှမဟုတ် တက်ဘလက်တွေမှာ သိမ်းထားနိုင်ပါတယ်။
ဒီပစ္စည်းဟာ ဘယ်နေရာမှာမဆို အလုပ်လုပ်တယ်၊ လမ်းသွားရင်း၊ ကားမောင်းရင်း၊ တောင်တက်ရင်း လက်မအားတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အလုပ်ဖြစ်တယ်လို့ ဆန့်စ်စတုံး နိုင်ငံတကာ ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူနဲ့ စီအီးအိုက ပြောပါတယ်။
ဒီဇိုင်နာ ယူရီ ကာယယ်ရီလီက ဒီပစ္စည်းဟာ အတွေးတွေကို မှတ်တမ်းတင်ပြီး အချိန်တိုအတွင်း ချရေးပေးနိုင်တယ်လို့ ပြောပါတယ်။
သုံးစွဲသူက ခလုတ်ကိုနှိပ်ပြီး သုံးစွဲရမှာပါ၊ LED မီးပွင့်လေးတွေက အသံဖမ်းနေတယ်ဆိုတာ ညွှန်ပြပါတယ်။ အသံဖမ်းမှုရပ်ဖို့ နောက်တကြိမ် ခလုတ်နှိပ်ရမှာပါ။ အဲဒီနောက် ဆန့်စ်စတုံးနဲ့ ချိတ်ထားတဲ့ ဖုန်းထဲကို ဘလူးတုသ်ကိုသုံးပြီး လွှဲပြောင်းနိုင်ပါတယ်။ အဲဒီအခါ အသံဖိုင်ကို ဆွဲချတဲ့အခါ အသံဟာ အလိုအလျောက် စာသားအဖြစ် ပြောင်းပြီးသား ဖြစ်လာမှာပါ။
ဒီပစ္စည်းဟာ ယူကရိန်းနဲ့ အင်္ဂလိပ်ဘာသာတွေ အပါအဝင် ဘာသာစကား ၁၂ မျိုးအတွက် အသိအမှတ်ပြု လုပ်ဆောင်နိုင်ပါတယ်။
ဖေဖော်ဝါရီလကုန်မှာ လုပ်ငန်းစတဲ့ လှုပ်ရှားမှုအတွင်း လိုနေတဲ့ အမေရိကန်ဒေါ်လာ ၅ သောင်း ရန်ပုံငွေကို အလွယ်ရခဲ့တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.