Header Ads

Breaking News
recent

အစိုးရဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၄၇၀ ဖြင့် ရေးမြို့တွင် ကတ္တရာလမ်းသစ် ဖောက်လုပ်မည်





မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ မကျီးချောင်းဝကို ဆက်သွယ်ထားတဲ့ လမ်းကို ၂၀၁၆-၂၀၁၇ ခုနှစ် မွန်ပြည်နယ်အစိုးရရဲ့ ဘက်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၄၇၀ သန်းနဲ့ ပြည်နယ် လမ်းဦးစီးဌာနက တာဝန်ယူပြီး ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာလမ်းသစ်ကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဖောက်လုပ်ခင်းကျင်းသွားမှာ ဖြစ်ပါတယ်။
လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း အကျယ် ၁၂ ပေ လမ်းပေအရှည် ၁၀ မိုင် ၄ ဖာလုံမှာ ၈ မိုင်ကို ခင်းကျင်းထားပြီး ၂ မိုင်ကို ဆက်လက်ခင်းကျင်းနေပြီး ၄ ဖာလုံကို လာမယ့်ဘဏ္ဍာရေးနှစ်မှာ ထပ်မံခင်းကျင်းမှာဖြစ်ပြီး ကတ္တရာလမ်းသစ်အပြင် ပေ ၅၀ ကနေ ပေ ၁၀၀ အကြား တံတား ၅ စင်းနဲ့ ပေ ၅၀ အောက်တံတားအစင်း ၅၀  လည်းပါရှိတယ်လို့ မွန်ပြည်နယ် လမ်းဦးစီးဌာနက သိရပါတယ်။
“အရင်က ဒီမကျီးချောင်းဝနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ အရေးပေါ်ကျန်းမာရေးကြုံတွေ့လာရင် ပင်လယ်ရေလမ်းကနေတဆင့် စက်လှေနဲ့ ထားဝယ် ရေဖြူမြို့နယ်ဘက်ခြမ်းကို သွားရောက်ရပြီး အခုလို လမ်းပန်းဆက်သွယ်ရေး ကောင်းလာရင် အဆင်ပြေသွားပါမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မွန်ပြည်နယ်ရဲ့ နယ်စပ်ဒေသ အစွန်းဖျားနေထိုင်သူတွေမှာ ဒေသထွက်ကုန် ကူးသန်း ရောင်းဝယ်ရေး အားကောင်းလာမယ့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက်ပါ မြို့ပြနဲ့ ကျေးလက်ဒေသမှာ လူနေမှုအဆင့်အတန်း တပြေးတည်းညီဖွံ့ဖြိုးလာမှာဖြစ်ပြီး မကျီးချောင်းဝ-ဓနိကြား ပင်လယ်ကမ်းခြေနဲ့ ကဗျာဝပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းတွေအတွက်ပါ အထောက်အကူ ပြုလာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Powered by Blogger.