Header Ads

Breaking News
recent

လက်ဖက်ကို စီမံကိန်းသီးနှံအဖြစ် သတ်မှတ်ကူညီရန် တောင်သူများတောင်းဆို



လက်ဖက်ကို စီမံကိန်းသီးနှံအဖြစ် သတ်မှတ်ကာ နည်းပညာ၊ ငွေကြေးအကူအညီတွေပေးဖို့ အစိုးရကို တောင်းဆိုသွားမယ်လို့ ရှမ်းပြည်နယ်က လက်ဖက်စိုက် တောင်သူတွေက ပြောပါတယ်။
အဲဒီလို တောင်းဆိုနိုင်ဖို့အတွက် အခု မတ်လ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးက လက်ဖက်တောင်သူတွေ၊ ကုန်သည်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ လက်ဖက် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံတရပ်ကို ကျင်းပသွားမယ်လို့ ရွာငံမြို့နယ် လက်ဖက်အစုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်နုက ပြောပါတယ်။
လက်ရှိ ရွာငံဒေသမှာ ဘိန်းအစားထိုးအနေနဲ့ လက်ဖက်စိုက်ပျိုးလိုတဲ့ ကျေးရွာတွေကို အထွက်တိုးစေမယ့် စိုက်ပျိုးနည်းစနစ်တွေကိုလည်း အသင်းကနေ သင်တန်းပို့ချပေးနေတယ်လို့လည်း ဆိုပါတယ်။

No comments:

Powered by Blogger.