Header Ads

Breaking News
recent

ကွင်းလယ်လူ မာတာကို စာချုပ်သစ်ချုပ်ပြီး မန်ယူ ဆက်ထိန်းထားဖို့ရှိ



မန်ယူအသင်းက ကွင်းလယ်ကစားသမား ဂျုအန် မာတာကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ရှိနေတယ်လို့ ဗြိတိသျှမီဒီယာဖြစ်တဲ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ မာတာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအဆုံး ကုန်ဆုံးမှာ ဖြစ်ပါတယ်။
စပိန်ကွင်းလယ်ကစားသမား မာတာဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေသလို  မန်ယူအတွက် ၉ ဂိုး သွင်းပေးထားပါတယ်။
မာတာဟာ ချဲလ်ဆီးမှာလည်း ကစားခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ မန်ယူကို ရောက်ရှိလာတာပါ။ သူဟာ စပိန်အသင်းအတွက် ၄၁ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထားပါတယ်။

No comments:

Powered by Blogger.