Header Ads

Breaking News
recent

နှစ်နှစ်စာချုပ်နဲ့ PSG ကိုပြောင်းရွှေ့ဖို့ ဝင်းဂါးသဘောတူညီမှုရခဲ့ကြောင်း သတင်းတွေထွက်လာ




အာစင်ဝင်းဂါးဟာ PSG အသင်းကို ပြောင်းရွှေ့ဖို့အတွက် ကမ်းလှမ်းခံရပြီး နှစ်နှစ်စာချုပ်အတွက် သဘောတူညီမှုရရှီခဲ့ပြီဖြစ်တယ်လို့ သတင်းတွေထွက်လာပါတယ်။ SunSport ရဲ့ဖော်ပြချက်အရ ပြင်သစ်ချန်ပီယံအသင်းဟာ ဒီနွေရာသီမှာ သူတို့အသင်းကို နည်းပြ အူနိုင်းအမ်မရီထံကနေ နောက်တစ်ယောက်ထံ လွှဲပြောင်းပေးလိုနေတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့က ဝက်စ်ဘရွန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ ဝင်းဂါးဟာ ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ကို အာဆင်နယ်အသင်းမှာပဲ အနာဂါတ်ရှိနေသေးမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

အမ်းမရိတ်အသင်းအနေနဲ့ ပြင်သစ်မာစတာကြီးကို ဆက်လက်ထားရှိနေလိုပေမယ့် အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်နေတာကိုလည်း သိထားကြပါတယ်။
PSG ဥက္ကဌ Nasser Al-Khelaifi ကတော့ ဝင်းဂါးဟာ လက်ရှိနည်းပြ အမ်မရီထက်ပိုမိုကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်လျက်ရှိနေကြောင်းလည်း သိရပါတယ်။

အာစင်ဝင်းဂါးဟာလက်တလောဆိုးရွားလျက်ရှိတဲ့ ရလဒ်တွေနဲ့ ကစားသမားအချို့နဲ့ အဆင်မပြေမှုတွေကြောင့် ပရိတ်သတ်တွေရဲ့ နှုတ်ထွက်ဖို့အတွက် ဖိအားပေးခံရလျက်ရှိနေတာပါ။ တကယ်လို့ ဝင်းဂါးထွက်သွားရင်တော့ သူ့နေရာမှာဆက်ခံဖို့ ဒေါ့မွန်နည်းပြ သောမတ်စ်တူချယ်လ်နဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီတို့ ကရေပန်းစားနေပါတယ်။

No comments:

Powered by Blogger.