Header Ads

Breaking News
recent

RCSS/SSA နှင့် တပ်မတော်အကြား သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား



သီပေါမြိုနယ်အတွင်းက အုပ်မှုကျေးရွာအုပ်စုမှာ မနေ့မွန်းလွဲ ၂ နာရီကနေ ညနေ ၆ နာရီအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ (RCSS/SSA) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
“စဖြစ်တာကတော့ စကခ ၁ လက်အောက်ခံ ခမရ ၅၀၂ ပေါ့။ နောက် ခလရ ၂၄၃ အဲဒီ တပ်ရင်း ၂ ရင်းပေါင်းပြီးတော့ ကျနော်တို့ရဲ့ တပ်စခန်းကို ပထမဦးဆုံး အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြီးတော့ ၀င်ရောက်တိုက်ခိုက်တယ်။ ညနေပိုင်းအထိဖြစ်တယ်။ ဒါပေမယ့် ဒီမနက်တော့ ပစ်ခတ်တာတော့ မရှိတော့ဘူး။”
RCSS အနေနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အပြင်  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လုပ်ကိုင် ဆောင်ရွက်နေတဲ့အတွက် တပ်မတော်အနေနဲ့ အခုလို ထိုးစစ်ဆင်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတဲ့အပြင် ယုံကြည်မှု ကျဆင်းစေတယ်လို့လည်း ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
“ဒီကိစ္စ လုံးဝမဖြစ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုပြောသလို  အစိုးရကနေပြီးတော့ ဒုတိယ ပင်လုံလည်း လုပ်တော့မယ်။ ဒီလိုအရေးကြီးတဲ့အချိန်အခါမှာ အခုလို မြောက်ပိုင်း ကိုးကန့်ဘက်ကလည်း တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်။  အခုလည်း ကျနော်တို့ခွင်ထဲမှာ လည်းဖြစ်နေတယ်ဆိုတော့ ပြောရမယ်ဆိုရင် ပုံရိပ်က မကောင်းဘူးပေါ့ဗျာ။ လက်မှတ်မထိုးသေး တဲ့အဖွဲ့ကိုလည်း ထိုးဖို့ ညှိနှိုင်းနေတဲ့အချိန်မှာ  ထိုးပြီးသား ကျနော်တို့ အဖွဲ့ကို အခုလို ၀င်တိုက်တဲ့အတွက်  ယုံကြည်မှုကို ပျက်ပြားစေနိုင်တာပေါ့။ တခြားမထိုးသေးတဲ့ အဖွဲ့တွေလည်း သူတို့အတွက် စဉ်းစားစရာ အချက်တွေ၊ ထောက်ပြစရာ အကြောင်းအရာတွေ ဖြစ်နိုင်တာပေါ့ဗျာ။ ”
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက  အစိုးရက   တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးဖို့ ဖိတ်ထားတဲ့ အဖွဲ့ ၁၅ ဖွဲ့ထဲက  ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အပါအ၀င် ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

No comments:

Powered by Blogger.