Header Ads

Breaking News
recent

ရွှေ့ပြောင်းနေထိုင်သူများကို ကျွန်အဖြစ် ခိုင်းနှိုင်းခဲ့သည့် အမေရိကန်ဝန်ကြီး ဝေဖန်ခံရ




အမေရိကန်အစိုးရ မြို့ပြအိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဘန်ကာဆန်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ကျွန်တွေအဖြစ် ခိုင်းနှိုင်းသုံးနှုန်းလိုက်တာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် အများရဲ့ ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။
အာဖရိကန် အမေရိကန်တဦးဖြစ်တဲ့ ဘန်ကာဆန်ဟာ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၄၁ မဲနဲ့ အနိုင်ရရှိပြီး ဝန်ကြီးဖြစ်လာခဲ့တာပါ။
သူဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပြီး နောက်ပိုင်းမှာ သမ္မတ ထရမ့်ကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
“ဒါ အမေရိကပဲ။ အိပ်မက်တွေနဲ့ အခွင့်အရေးတွေ ရှိတဲ့နေရာ။ ဒီနေရာကို ကျွန်သင်္ဘောတွေရဲ့အောက်ခြေမှာ ကပ်လိုက်လာပြီး တရားမဝင် နေထိုင်နေတဲ့သူတွေ ရှိတယ်။ သူတို့က လုပ်ခနည်းနည်းအတွက် အချိန်ကြာကြာနဲ့ ခက်ခက်ခဲခဲ ပိုလုပ်ကြတယ်” လို့ မတ် ၆ ရက်နေ့က ဝါရှင်တန်ဒီစီမှာလုပ်တဲ့ သူ့ရဲ့မိတ်ဆက်ပွဲမှာ ဝန်ထမ်းတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
၁၉ ရာစုနှစ်တွေက အာဖရိကန်တွေကို အတင်းအကျပ် ခေါ်ဆောင်လာခဲ့ပြီး လုပ်ခမပေးဘဲ ဆင်းဆင်းရဲရဲ ခိုင်းစေခဲ့တာဟာ နိုင်ငံ့သမိုင်းရဲ့ အကျည်းတန်တဲ့ အခန်းတခန်း ဖြစ်ပါတယ်။
အခုနှစ်ပိုင်းတွေမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကျွန်ပြုခံခဲ့ရသူ အာဖရိကန်-အမေရိကန်တွေကို လျော်ကြေးတွေပြန်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.