Header Ads

Breaking News
recent

တရုတ်တွင် သဲမုန်တိုင်း အပြင်းအထန်တိုက်ခတ်မှုကြောင့် လူ ၄၅၀၀ ခန့် လမ်းမတွင် သောင်တင် (ရုပ်သံ)




တရုတ်နိုင်ငံအနောက်မြောက်ပိုင်း စင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တာပန်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သဲမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်တာကြောင့် လူ ၄၅၀၀ လောက် လမ်းမတွေပေါ် သောင်တင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ နှောင်းပိုင်းမှာ စတင်ခဲ့တဲ့ သဲမုန်တိုင်း အူလမ်းကြောင်းဟာ ကျောက်ကောက်ရေအိုင်အနီးက G 30 အဝေးပြေးလမ်းမပေါ်တည့်တည့် ကျရာက်ခဲ့ပြီး နောက်ပိုင်းမှာ ၁ နာရီကို ကီလိုမီတာ ၁၀၀ ထိ အရှိန်ပြင်းထန်လာခဲ့ပါတယ်။
ဒီအတွက် အဝေးပြေးလမ်းမပေါ် သွားနေတဲ့ မော်တော်ကား ၁၅၀ လောက် ရှေ့ဆက်မသွားနိုင်ဘဲ လမ်းခုလတ်မှာ ရပ်တန့်ခဲ့ပါတယ်။
ဒါကြောင့် ဒေသခံ မီးသတ်ဌာနက သံချပ်ကာကား ၂ စီးသုံးပြီး လမ်းမပေါ် ရပ်တန့်နေတဲ့ မော်တော်ယဉ်တွေကို ဘေးလွတ်ရာဆီ ဆွဲထုတ်ပေးခဲ့ပါတယ်။
လောလောဆယ် လူ ၅၁ ဦးကို ကယ်တင်ထားပြီး ယာယီကယ်ဆယ်ရေးစခန်းဆီ ပို့ပေးထားပါတယ်။
ကျောက်ကောက်ရေအိုင်ရဲ့ အောက်ခြေမျက်နှာပြင်ဟာ ကြီးမားကျယ်ပြန့်ပြီး ပြားချပ်နေတဲ့အတွက် မုန်တိုင်းတွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းဟာ ၁ နာရီကို မိုင် ၁၈၀ လောက်အထိ တိုက်ခတ်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။


No comments:

Powered by Blogger.