Header Ads

Breaking News
recent

အက်ဖ်အေဖလား ချန်ပီယံဖြစ်ရန် ချဲလ်ဆီး အာရုံစိုက်ကစားလိမ့်မည်ဟု မန်ယူနည်းပြ ပြော



အက်ဖ်အေဖလားပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက ချန်ပီယံဖြစ်ဖို့ အာရုံစိုက်ကစားလိမ့်မယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းက ပိုပြီး အာရုံစိုက်ကစားနိုင်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားရဖို့ သေချာသလောက် ဖြစ်နေတာကြောင့် အက်ဖ်အေဖလားမှာ အာရုံစိုက်ကစားမှာဖြစ်ပြီး ဒီဖလားဟာ သူတို့အသင်းအတွက် အရေးကြီးတဲ့ဖလား ဖြစ်လိမ့်မယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
မန်ယူအသင်းအနေနဲ့တော့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်ဖို့ ကြိုးစားနေရတဲ့အချိန် ဖြစ်သလို ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ လိဂ်ဖလားဗိုလ်လုပွဲတွေလည်း ရှိတာကြောင့် ချဲလ်ဆီးအသင်းလောက် အာရုံစိုက်နိုင်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့် မန်ယူအသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ကစားမယ်လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။
မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမယ့် မတ်လ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.