Header Ads

Breaking News
recent

ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီဝင်များ ရန်ကုန်တွင် မဲဆွယ်

ဓာတ်ပုံ - ရိုက်တာစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ Essendon လေဆိပ်အနီးရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်းသို့ လေယာဉ်ငယ် တစ်စီး ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉း၀၀ နာရီခန့်က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာသော လူ ၅ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီဝင်တွေ ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ  ဒီနေ့ မနက်ပိုင်းက မဲဆွယ်တွေ ပြုလုပ်နေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ (လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ဆိပ်ကမ်း)မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်း က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်မောင်အတွက် လှိုင်မြို့နယ်မှာ မဲဆွယ်တာတွေ ပြုလုပ်နေတာပါ။
အန်အယ်လ်ဒီပါတီက ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာမှာ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ပါတီပေါင်း ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.