Header Ads

Breaking News
recent

သစ်ပင်ပေါ်လာနားသည့် ငှက်ကို ဖမ်းဖို့ကြိုးစားသည့် ကျားသစ် (ရုပ်သံ)



ငှက်တကောင်နဲ့ ကျားသစ်တကောင် ရင်ဆိုင်တွေ့ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သစ်ပင်ပေါ်လာနားတဲ့ ငှက်ကို အသဲအသန် လိုက်ဖမ်းဖို့ ကြိုးစားနေတဲ့ ကျားသစ်တကောင်ကို တွေ့ရမှာပါ။
ကျားသစ်တွေဟာ တောတွင်းမှာ သစ်ပင်တွေပေါ်တက်တာ၊ ဆင်းတာ၊ ပြေးလွှားရာမှာ တကယ့်ကို လျင်မြန်ဖျတ်လတ်တာမို့ ဘယ်သားကောင်မဆို သူတို့လက်ကလွတ်အောင် ပြေးဖို့ ခဲယဉ်းလှပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ငှက်ကို ဘယ်လိုဖမ်းဖို့ ကြိုးစားခဲ့သလဲဆိုတာ တွေ့မြင်ရမှာပါ။
ကျားသစ်ဟာ သစ်ပင်ထိပ်ဖျားမှာ လာနားတဲ့ ငှက်ကို အလျင်အမြန်ပဲ ဖမ်းနိုင်ဖို့ ပြေးခုန်တက်ချိန်မှာ ငှက်က နောက်တနေရာကို ပြောင်းနားခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျားသစ်က သူနားနေရာ အကိုင်းစွန်းဆီ ပြေးခုန်အုပ်ဖို့ ထပ်ကြိုးစားခဲ့တာပါ။
ဒါပေမယ့် သူ့ထက်လျင်မြန်တဲ့ ငှက်က ပျံပြေးသွားခဲ့လို့ ကျားသစ်ဟာ သစ်ကိုင်းစွန်းကနေ တွဲခိုကာ နောက်ပြန်လှည့်ခဲ့ရတာပါ။
နောက်ဆုံးမှာတော့ သူဟာ လက်လျှော့လိုက်ပြီး သစ်ပင်ပေါ်ကနေ ခုန်ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

No comments:

Powered by Blogger.