Header Ads

Breaking News
recent

စင်ကာပူကောင်းကင်ယံတွင် ထူးဆန်းသည့် မီးသက်တံတစင်း ထွက်ပေါ် (ရုပ်သံ)



စင်ကာပူနိုင်ငံ ကောင်းကင်ယံမှာ ဖေဖော်ဝါရီ ၂၀ ရက် ညနေစောင်းက ထူးခြားတဲ့ မီးသက်တံတစင်း ထွက်ပေါ်ခဲ့လို့ မျက်မြင်တွေ့ရှိသူတွေဟာ အံ့အားသင့်ခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်ဟာ အချိန် ၁၅ မိနစ်လောက်ကြာအောင် ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး ကျွန်းပေါ်နေသူတွေ မျက်မြင်တွေ့ရှိခဲ့ကြတာပါ။
စင်ကာပူသတင်းမီဒီယာတွေကတော့ ဒါကို မီးသက်တံတခုလိုပဲလို့ ဖော်ပြခဲ့ပြီး နေရောင်ခြည်ဟာ ရေခဲမှုန်ထုပါဝင်တဲ့ တိမ်တိုက်တွေကို ဖြတ်သန်းချိန်မှာ ခုလိုဖြစ်ပေါ်ခဲ့တာလို့ ရေးခဲ့ကြတာပါ။
မျက်မြင်တွေ့ရှိသူ စင်ကာပူ ကလေးပြုစုရေးဌာနတခုမှာ အလုပ်လုပ်တဲ့ ဖာဇီတာ မော့ခ်တာက ညနေ ၅း၁၀ နာရီလောက်မှာ ဒါကို တွေ့မြင်ခဲ့တာလို့ ဘီဘီစီသတင်းဌာနကို ပြောခဲ့တာပါ။
“လိမ္မော်ရောင် အလုံးတလုံးအဖြစ် စတင်ခဲ့တာ။ အဲဒီနောက်တော့ အလုံးဟာ ကြီးသထက် ပိုကြီးလာခဲ့ပြီး အဲဒီကနေ ရောင်စုံအလင်းတွေ ဖြာထွက်ခဲ့တာပါ။ တကယ့်ကို ထူးဆန်းပြီး လှပတဲ့ သက်တံတခုပဲ။”
ဒီအဖြစ်အပျက်ဟာ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့ချိန်မှာ တချို့ကလည်း ဟာသလုပ် ဝေဖန်နေကြတာပါ။
“သက်တံ တံတား ကျိုးကျပြီလား” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မှတ်ချက်ရေးခဲ့ပြီး နောက်တဦးကတော့ “ဒါဟာ တနင်္လာသက်တံပေါ့” လို့ မေးခွန်းထုတ် မှတ်ချက်ရေးခဲ့တာပါ။

No comments:

Powered by Blogger.