အနာဂါတ် ကို ဟောကိန်းထုတ်နိုင်တော့မယ့် AI စက်ရုပ်များကို ထုတ်လုပ်နေတဲ့ Facebook ..!
Facebook ကုမ္ပဏီမှ AI အကြီးအကဲမှ အနာဂါတ်ကို ဟောကိန်းထုတ်နိုင်သွားမယ့် ယန္တရားများကို တီထွင်ကြံဆနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီစွမ်းအင်မြင့် AI စနစ်ဟာ အခြေအနေတစ်ခုခုမှာ လူသားတွေ ဘယ်လိုတုန့် ပြန်လာမယ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားသွားနိုင်တော့မှာ ဖြစ်ပါတယ်။
ယခုစနစ်မှာ လူတစ်ယောက် ဗိုက်ဆာနေသလားဆိုတာကို တွက်ချက်ပြီး သူအကြိုက်ဆုံးအစားအသောက်ကိုပါ အလိုအလျောက် အော်ဒါမှာယူသွားနိုင်မယ့် အက်ပလီကေးရှင်းများကို သုံးထားပါတယ်။ ဒ့ါအပြင် ရှုပ်ထွေးနက်နဲတဲ့ သုံးသပ်ချက်များဖြစ်တဲ့ အားကစားပွဲများ နဲ့ ကမ္ဘာ့နိုင်ငံရေးများ ခန့် မှန်းခြင်းများ ပါဝင်လာမှာ ဖြစ်ပါတယ်။ MIT Technology Review နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါက်တာလီကွန်က အနာဂါတ်ကို ခန့် မှန်းနိုင်တော့မယ့် စနစ်တစ်မျိုးကို လေ့ကျင့်ပေးနိုင်မယ်ဆိုရင် မသိရသေးတဲ့ လေ့လာစရာနည်းစနစ်တစ်ခုကို အရင်းကျကျ နားလည်နိုင်တော့မယ်လို့ ယုံကြည်ကြောင်း နဲ့ အနာဂါတ်ကို ခန့် မှန်းမယ့် စနစ်ဖြစ်ပေါ်စရာရှိကြောင်း ဖွင့်ပြောထားပါတယ်။
Facebook ဟာ လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်နေသည့် ယန္တရားသုံး အတွင်းကျကျ လေ့လာနည်းစနစ် deep machine learning တစ်မျိုးကို လက်ရှိမှာ သုံးနေပါတယ်။ ဒီနည်းပညာထဲမှာ ကိုယ် tag လုပ်ပြီး တွဲမထားတဲ့ လူတစ်ယောက်ကို ဓါတ်ပုံတွေကနေ မျက်နှာပြင်ဖတ်ပြီး ဝေခွဲနိုင်တဲ့ နည်းပညာလည်း ပါရှိနေပါတယ်။ ဒါကတော့ artifical neural networks လို့ ခေါ်တဲ့အဆင့်ဆင့် အလိုအလျောက် သုံးသပ် ခွဲခြားနိုင်တဲ့ နက်ဝါ့ခ် စနစ်ပေါ်မှာ အခြေခံထားတာ ဖြစ်ပြီး ဦးနှောက်မှ စဉ်းစားဆင်ခြင်တဲ့ပုံစံကို တုပထားတာပါ။ ဒီနက်ဝ့ါခ်များကနေ သတင်းပေးတဲ့စနစ်တွေဖြစ်တဲ့ အသံ ၊ စာသား နဲ့ ပုံရိပ်များကနေ မှတ်မိအောင် ဖတ်ရှုမှတ်သားတဲ့ ပုံစံကို patterns အလိုက်လေ့ကျင့်ထားတာ ဖြစ်ပါတယ်။ ဒီသဘောတရားပေါ် အခြေခံပြီး AI တွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပါတယ်။
No comments: