Header Ads

Breaking News
recent

တောင်ကိုရီးယားသမ္မတဟောင်းကို သစ္စာဖောက်ဟု မြောက်ကိုရီးယားအစိုးရ ပြော




မြောက်ကိုရိးယားအစိုးရက လာဘ်စားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို သစ္စာဖောက်အဖြစ် ခေါ်ဝေါ်ပြီး သူဟာ သမိုင်းနဲ့ နိုင်ငံရဲ့ဒဏ်ခတ်တာကို ခံရတာလို့ မတ်လ ၃၁ ရက်နေ့က ဝေဖန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုးရီးယားအစိုးရရုပ်သံဌာန KRT သတင်းကြေငြာသူက “ဂုဏ်သိက္ခာမဲ့မှုနဲ့အတူ ရာထူးအချခံရတဲ့ ပထမဆုံးသမ္မတ ပတ်ဂွန်ဟေးဟာ ရှက်စရာကောင်းတဲ့ သမိုင်းကို ရေးခဲ့ပြီးပါပြီ၊ သူဟာ ရိုတေ၀ူးနဲ့ ချန်ဒူးဝမ်ပြီးရင် တတိယမြောက် ထောင်ချခံရတဲ့ သမ္မတဖြစ်ပါတယ်”လို့ ကြေညာသွားပါတယ်။
ဒီ့နောက်ဆက်ပြီး “ဒါဟာ နိုင်ငံတူ လူမျိုးတူတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး အမေရိကန်ကို လေးစားနာခံတဲ့၊ လာဘ်စားပြီး အုပ်ချုပ်မှုညံ့ဖျင်းတဲ့ သစ္စာဖောက်ကို သမိုင်းနဲ့နိုင်ငံက ဆုံးမဒဏ်ခတ်တာဖြစ်ပါတယ်” လို့လည်း ဆက်လက်ကြေညာသွားပါတယ်။
သမ္မတဟောင်း ပတ်ဂွန်ဟေးကို ဖွဲ့စည်းပုံတရားရုံးက ရာထူးကနေ အပြီးတိုင်ဖယ်ရှားပြီးတဲ့နောက် ဆိုးလ်ခရိုင်တရားရုံးကနေ အစိုးရထိပ်တန်းလျို့ဝှက်ချက်တွေကို ပေါက်ကြားစေ မှု၊ အာဏာအလွဲသုံးမှု၊ လာဘ်စားမှုမှာ  ပူးပေါင်းကြံစည်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Powered by Blogger.