Header Ads

Breaking News
recent

နောင်ချိုမြို့အဝင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ





နောင်ချိုမြို့အဝင် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်က ရွှေတြိဂံ ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာမှ ခရီးသည်တဦး သယ်ဆောင်လာတဲ့  ဆောင်းဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ လောက် သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့စစ်ဆေးချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများရောင်းချပေးသူ သိန်းမြင့်ထွန်းအား လားရှိုးမြို့၊ ရပ်ကွက်(၄)၊ ရေကန်လမ်းရှိ သံယောဇဉ်တည်းခိုခန်း၊ အခန်းအမှတ်(၂၀၇)မှာ တွေ့ရှိဖမ်းဆီးရမိပြီး မူးယစ်ဆေးဆိုင်ရာ ဥပဒေနဲ့ အယူထားပါတယ်။
အလားတူ ရွှေလီဦး ခရီးသည်တင်မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာမှာ ခရီးသည် နောက်တဦးရဲ့ ကျောပိုးအိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ ပြား ထပ်မံသိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.