ဆန်းချက်နှင့်အိုဇေးတို့ အသင်းတွင် ဆက်နေမည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြပြော
တိုက်စစ်မှူး ဆန်းချက်နဲ့ ကွင်းလယ်သမား အိုဇေးတို့ အာဆင်နယ်အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။
စာချုပ်သစ် ချုပ်နိုင်ဖို့ အသက် ၂၈ နှစ်အရွယ် အိုဇေးနဲ့ စကားပြောဆိုမှုတွေ လုပ်နေပြီး ဆန်းချက်နဲ့လည်း ဒီနှစ်နွေရာသီ မတိုင်ခင် အပြီးသတ် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
နည်းပြ ၀င်းဂါးက သူတို့နှစ်ယောက်လုံး အသင်းမှာ ဆက်နေမယ်လို့ ယုံကြည်သလို အသင်းအနေနဲ့လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။
ကစားသမား နှစ်ယောက်စလုံးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကစားသမားတွေ အသင်းမှာ ဆက်နေဖို့ ပြောဆိုနေပေမယ့်လည်း နည်းပြ ၀င်းဂါး ကိုယ်တိုင်ကတော့ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိသေးပါဘူး။
No comments: