Header Ads

Breaking News
recent

ဘာစီလိုနာမှာ အဆင်ပြေနိုင်တဲ့ ကစားသမားတစ်ယောက်ရှိကြောင်း နေမာဆို





နေမာကတော့ လီဗာပူးကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ညိုကို ဘာစီလိုနာမှာလာရောက်ကစားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာစတားအနေနဲ့ ကော်တင်ညိုကို နျူးကမ့်ကွင်းမှာ လာရောက်ကစားစေလိုတယ်လို့ ဆိုခဲ့တာပါ။ 

အသက် ၂၄နှစ်အရွယ် ကော်တင်ညိုဟာ အင်တာမီလန်ကနေ ၂၀၁၃ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီးနောက် လီဗာပူးအသင်းမှာ ပွဲပေါင်း ၁၇၀ကစား ၃၅ဂိုးသွင်းယူထားခဲ့တာပါ။ 
နေမာဟာအနီးကပ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဘရာဇီးအသင်းဖော် ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကနေ မက်ဆီ၊ ဆွာရက်ဇ်တို့ရှိတဲ့ ဘာဆာကိုပြောင်းရွှေ့ကစားစေလိုနေတာပါ။ 

နေမာကို ဒေးလီးမေးလ်က ဘယ်သူနဲ့ ဘာဆာမှာ အတူတကွ ကစားလိုလဲလို့ မေးရာမှာ “ပရီးမီးယားလိဂ်မှာဆိုရင်တော့ ဘာစီလိုနာကို လာကစားစေလိုတာကတော့ ကော်တင်ညိုပါပဲ” လို့ ဆိုပါတယ်။ “ကျွန်တော်ကတော့ သူ့အနေနဲ့ ဘာစီလိုနာမှာ လုံးဝအံဝင်ခွင်ကျဖြစ်နိုင်တယ်လို့ ထင်ပါတယ်” လို့ နေမာက ဆက်လက်ပြောကြားခဲ့ပါတယ်။ 

No comments:

Powered by Blogger.