Header Ads

Breaking News
recent

ဆေးလိပ်နှင့် အရက်အခွန်တိုးမြှင့်မည်



လာမယ့် ဧပြီ ၁ ရက်နေ့က စပြီး ဆေးလိပ်နဲ့ အရက်တချို့ကို အခွန်တိုးမြှင့်ဖို့ ရှိနေတယ်လို့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေအရ သိရပါတယ်။
မနှစ်ကနဲ့စာရင် စီးကရက်အမျိုးမျိုးအတွက် အခွန်နှုန်းက တစ်လိပ်မှာ တစ်ကျပ်စီတိုးသွား ပါတယ်။ ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေးတွေကတော့ အခွန် ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ အတွက် မပြောင်းလဲပါဘူး။
ဆေးပေါ့လိပ်တွေအတွက်ကတော့ မနှစ်ကဆိုရင် အခွန် ၆၀ ရာခိုင်နှုန်းဖြစ်ပြီး ဒီနှစ်မှာတော့ တစ်လိပ်ရောင်းဈေး ၁၀ ကျပ်အထိက တစ်လိပ်ကို အခွန် ပြား ၅၀၊ တစ်လိပ်ရောင်းဈေး ၁၁ နဲ့အထက်က တစ်လိပ်ကို ၁ ကျပ်ဖြစ်တဲ့အတွက် လျော့သွားပါတယ်။
ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးနဲ့ ကွမ်းစားဆေးတွေကတော့ မနှစ်ကဆိုရင် အခွန် ၆၀ ရာခိုင်နှုန်းဖြစ်ပြီး ဒီနှစ်မှာတော့ ၈၀ ရာခိုင်နှုန်းအထိ တိုးသွားပါတယ်။
အရက်အမျိုးမျိုးမှာတော့ အခြေခံသတ်မှတ်ဈေးနှုန်းတွေ မြင့်လာတာတွေ့ရပြီး တစ်လီတာကို ၇၅၀ ကျပ်ကနေ ၂၆၀၀၀ ကျပ်အထိ အခွန်နည်းနည်းစီတိုးလာပါတယ်။
တစ်လီတာကို ၂၆၀၀၁ ကျပ်ကနေအထက်ကိုတော့ အခွန် ၆၀ ရာခိုင်နှုန်းကောက်မှာ ဖြစ်ပါတယ်။ ဘီယာကတော့ အခွန် ၆၀ ရာခိုင်နှုန်းပဲ ဖြစ်ပြီး မပြောင်းလဲပါဘူး။


ဝိုင်အမျိုးမျိုးအတွက် လက်ရှိ ထုတ်ပြန်ထားသလောက်ကတော့ ဈေးအနိမ့်တွေအတွက် အခွန်နှုန်း လျော့သွားတာကို တွေ့ရပါတယ်။

No comments:

Powered by Blogger.