Header Ads

Breaking News
recent

စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုမရှိလျှင် အနားယူမည်ဟု မန်ယူကွင်းလယ်လူ ကာရစ် ပြော




ရာသီအကုန်မှာ မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိခဲ့ဘူးဆိုရင် ကစားသမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်က ပြောကြားလိုက်ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက စပါးအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လာမယ့်ဇွန်လအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တခြားအသင်းမှာ ဘောလုံးဆက်ကစားဖို့ ရှိတော့မှာမဟုတ်ဘဲ မန်ယူအသင်းက ကမ်းလှမ်းမယ်ဆိုရင်တော့ စဉ်းစားသွားမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောလို့မရသေးဘူးလို့ ကာရစ်က ဆိုပါတယ်။
မန်ယူကွင်းလယ်ကစားသမား ကာရစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအတွက် ၂၂ ပွဲ ကစားထားပါတယ်။
ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကနေ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ်  ရရှိအောင် စွမ်းဆောင်ထားပါတယ်။

No comments:

Powered by Blogger.