Header Ads

Breaking News
recent

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံတွင် သွားရောက်ခြေစမ်းမည်




အာရှဖလားခြေစစ်ပွဲမှာ အိန္ဒိယအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အင်ဒိုနီးရှားအသင်းနဲ့ ဂျာကာတာမြို့မှာ သွားရောက် ခြေစမ်းပွဲကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီခြေစမ်းပွဲကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ ပါကန်စာရီ အားကစားကွင်းမှာ မတ် ၂၁ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ညနေ ၆:၃၀ နာရီ) မှာ ယှဉ်ပြိုင်ကစားကြမှာပါ။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အခု မတ်လ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်မှာ အရင်ကထက် ၁၃ ဆင့် ထိုးကျသွားပြီး ကမ္ဘာ့အဆင့် ၁၇၂ မှာ ရပ်တည်နေပါတယ်။
အင်ဒိုနီးရှားအသင်းကတော့ ၂ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၆၇ မှာ ရပ်တည်နေတာပါ။


အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (က) မှာ ကာဂျစ်စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.