Header Ads

Breaking News
recent

သီရိလင်္ကာကို မြန်မာ့ဆန် တန်ချိန် ၅ သောင်းခန့် တင်ပို့မည်


မြန်မာ့ဆန်တန်ချိန် ငါးသောင်းခန့် သီရိလင်္ကာနိုင်ငံကို အခုမတ်လအတွင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများအသင်းက ပြောပါတယ်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက မူဆယ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဆန်တင်ပို့မှုကို ရပ်နားလိုက်ရတဲ့အတွက် ပြည်ပဈေးကွက်သစ်တွေကို တိုးချဲ့ရှာဖွေနေတာလို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။
လက်တလောမှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ သင်္ဘောတင်မယ့် ကိစ္စတွေအပါအ၀င် နှစ်ဖက် အဆင်ပြေတဲ့ ဈေးနှုန်း ဖြစ်အောင်လည်း ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။
အခုဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ပြည်ပကို ဆန်တန်ချိန် ၁ သန်းကျော်သာ တင်ပို့ထားပြီး မနှစ်က ပြည်ပဆန်တင်ပို့မှုထက် တန်ချိန် ၃ သိန်းကျော် လျော့နည်းနေပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၄ ရက်အထိ နိုင်ငံပေါင်း ၃၃ နိုင်ငံကို ဆန်တင်ပို့မှုကနေ ဒေါ်လာ ၁၄၅ သန်းကျော် ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို တင်ပို့နေတာပါ။

No comments:

Powered by Blogger.