ရဲကားလိုက်လာချိန် အပြင်းမောင်းသည့် ဝရမ်းပြေးကား အရှိန်မထိန်းနိုင်ဘဲ လေပေါ်မြောက်တက် (ရုပ်သံ)
ထောင်ဖောက်ပြေးလာတဲ့ ဝရမ်းပြေးအမျိုးသားတဦးဟာ ပစ်ကပ်ထရပ်ကားတစီးနဲ့ အပြင်းမောင်းနှင် ထွက်ပြေးချိန်မှာ ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးချော်ကျကာ လေပေါ်မြောက်တက် ပျံဝဲသွားခဲ့ပြီး ကားပါကင်တခုမှာ ရပ်နားထားတဲ့ ကားတစီးနဲ့ တိုက်မိခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် ကီဗွန်တေး ဒီကိုရေးဟာ လမ်းမပေါ်မှာ တနာရီကို ၁၁၅ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့တာဖြစ်ပြီး လမ်းဘေးမြက်ခင်းချိုင့်အတွင်း ထိုးကျခဲ့ကာ အရှိန်နဲ့ လေပေါ်မြောက်တက်သွားခဲ့ရတာပါ။
အဲဒီနောက် စားသောက်ဆိုင်တဆိုင်ရဲ့ ကားပါကင်တွင်းမှာ ရပ်ထားတဲ့ကားကို တိုက်မိခဲ့တာပါ။
ကားပေါ်မှာ ဘာဘရာဟာလွန် အမည်ရတဲ့ အမျိုးသမီးတဦး ထိုင်နေခဲ့ကာ လေပေါ်ပျံဝဲလာတဲ့ကား သူ့ဆီ ဦးတည်ခဲ့ချိန်မှာ လွတ်အောင်ရှောင်နိုင်ခဲ့လို့ ဘေးလွတ်ခဲ့ရတာပါ။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်ထဲမှာ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၁း၃၀ နာရီလောက်မှာဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှမရှိခဲ့ဘူးလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
တရားခံ အော်စတင်နဲ့ အဲဒီ ပစ်ကပ်ထရပ်ကားရဲ့ မူလကားမောင်းသမား ၂ ဦးလုံးကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
No comments: