Header Ads

Breaking News
recent

တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲ မေ ၉ ရက်တွင် ကျင်းပမည်




တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရွေးကောက်ပွဲကို လာမယ့် မေ ၉ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း တောင်ကိုရီးယားအစိုးရက မတ်လ ၁၅ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရ ပြည်တွင်းရေးရာဌာနဝန်ကြီးက သမ္မတသစ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် မေ ၉ ရက်နေ့မှာလုပ်ဖို့ အစိုးရက ဆုံးဖြတ်ပြီးပါပြီလို့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ဒီနောက် ဆက်ပြီး ဒီရွေးကောက်ပွဲဟာ ကိုရီးယားသမိုင်းမှာ အပြိုင်ကျင်းပတဲ့ ရွေးကောက်ပွဲတော့ မဟုတ်ပါဘူး။ နောက်သမ္မတသစ်ဟာ သက်တမ်းတိုတိုပဲ အုပ်ချုပ်ရမှာပါ။  လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရက အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အရင်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေထက် အသန့်ရှင်းဆုံးနဲ့ ပွင့်လင်းမြင်သာမှုအရှိဆုံး ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်သွားပါမယ်လို့ ပြည်တွင်းရေးရာဝန်ကြီးက ပြောကြားသွားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဖွဲ့စည်းပုံတရားရုံးက သမ္မတ ပတ်ဂွန်ဟေးကို လာဘ်စားမှု ထင်ရှားတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရာထူးကနေ အပြီးတိုင် ဖယ်ရှားလိုက်ပါတယ်။
ဖွဲ့စည်းပုံဥပဒေအရ လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ လက်ရှိဝန်ကြီးချုပ် ဟွမ်ကျိုအန်းက ယာယီသမ္မတအဖြစ် တာဝန်ယူထားကြောင်း ဆိုးလ်မြို့တော်ကနေပေးပို့တဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

No comments:

Powered by Blogger.