Header Ads

Breaking News
recent

စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် တလခန့်နားရမည်




စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မီလ်ဝေါအသင်းကို အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ တလလောက် အနားယူရတော့မယ်လို့ သိရပါတယ်။
ဟယ်ရီကိန်းဟာ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာရခဲ့လို့ ပွဲအစ ၇ မိနစ်မှာပဲ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
အရင်ကလည်း ဒဏ်ရာတွေရခဲ့ပေမယ့် ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သလို အခုတကြိမ်မှာလည်း ဆေးအဖွဲ့ရဲ့ အကြံပြုမှုတွေနဲ့အတူ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားသွားမယ်လို့ ဟယ်ရီကိန်းက သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းအနေနဲ့ မတ်လအတွင်းကစားမယ့် အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေနဲ့ စပါးစ်အသင်းရဲ့ ပွဲစဉ် ၆ ပွဲကို လွဲချော်မှာဖြစ်ပြီး ဧပြီ ၃၀ မှာကစားမယ့် အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်မှ ပြန်လည်ပွဲထွက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ ဟယ်ရီကိန်းဟာ ဒီနှစ်ရာသီမှာ စပါးစ်အသင်းအတွက် ၂၈ ပွဲမှာ ၂၄ ဂိုးအထိသွင်းပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။

No comments:

Powered by Blogger.