Header Ads

Breaking News
recent

ညောင်ပင်သာမြို့တွင် ရထားတိုက်မိပြီး အမျိုးသား ၁ ဦးသေဆုံး




ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့အနီး ဂုံးတဲကျေးရွာမှာ ရထားလမ်းဖြတ်ကူးတဲ့ အမျိုးသား ၁ ဦးရထားတိုက်မိပြီး မနေ့ညနေက သေဆုံးသွားပါတယ်။
ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ အဆန်ကုန်တင်ရထားနဲ့ မိုင်တိုင်အမှတ် ၁၂၆/၂၀ နဲ့ ၁၂၆/၂၁ အကြားမှာ လမ်းဖြတ်ကူးတဲ့ ဦးရမ်းမဒစ်ကို တိုက်မိခဲ့ပြီး ဦးခေါင်ရိုးကွဲပြတ်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့  ညောင်ပင်သာ နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“အတိုက်ခံရတဲ့သူက ဂုံးတဲရွာမှာနေတာပါ။ သူက သံလမ်းအနောက်ဘက်ကနေ အရှေ့ဘက် ကို ဖြတ်ကူးတာဗျ။ အဲဒီမှာတိုက်မိတာ။ အရက်လည်း သောက်ထားပုံရတယ်။ သေဆုံးသူရဲ့ အလောင်းကိုတော့ ဖြူးဆေးရုံကိုပို့ပြီး ဆေးစစ်ချက်တွေ လုပ်နေပါတယ်။”
အဆိုပါဖြစ်စဉ်ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.