Header Ads

Breaking News
recent

ဂျပန်နိုင်ငံ ဗီဇာလျှောက်ရာမှာ ပိုမိုလွယ်ကူအောင် လုပ်ဆောင်နေ



ဂျပန်နိုင်ငံကို သွားဖို့အတွက် ဗီဇာလျှောက်ရာမှာ အရင်ကထက် ပိုပြီးလွယ်ကူအောင် လုပ်ဆောင်ပေးနေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံမှူးကြီး အိချိရို မာရုရာမက ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံကို မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်တွေက မြန်မာခရီးသည်တွေ ထွက်ပြေး တိမ်းရှောင်မှုတွေကြောင့် ဗီဇာလျှောက်ထားရာမှာ စည်းကမ်းတင်းကျပ်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေအပေါ် ပြောလိုက်တာပါ။
ဂျပန်နိုင်ငံမှာ အခုအချိန်ထိ တရားမဝင် နေထိုင်တဲ့ မြန်မာပေါင်း ၆၀၀ ဝန်းကျင်ရှိတယ်လို့လည်း ပြောပါတယ်။ မတ်လနဲ့ ဧပြီလဟာ မြန်မာနိုင်ငံရဲ့ နွေရာသီကျောင်းပိတ်ရက်ဖြစ်လို့ ခရီးသွားရာသီ ဖြစ်တဲ့အပြင် မတ်လမှာ ဂျပန်နိုင်ငံရဲ့ ကျောင်းပိတ်ပွဲတွေနဲ့ ဧပြီလ ပထမအပတ်မှာတော့ ကျောင်းဖွင့်ပွဲတွေ ကျင်းပလေ့ရှိတာကြောင့် ဗီဇာလျှောက်သူတွေ ပုံမှန်ထက် များနေတာပါ။
ပုံမှန်အချိန်တွေမှာ တလကို ဂျပန်ဗီဇာ လာလျှောက်သူ ၆၀၀၊ ၇၀၀ ဝန်းကျင်သာရှိပြီး မတ်လနဲ့ ဧပြီလတွေမှာတော့ တလကို ၁၀၀၀ ကျော် လာရောက်လျှေက်ထားကြတယ်လို့လည်း ပြောပါတယ်။
ဗီဇာလျှောက်တဲ့အခါ စာရွက်စာတမ်း ပြည့်စုံတယ်ဆို ၄ ရက်နဲ့ ရအောင် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

No comments:

Powered by Blogger.