Header Ads

Breaking News
recent

ကွန်တီကိုများ တမင်ရယ်ရွယ်ပြီး မော်ရင်ဟိုဘောလုံးကို ကန်ထုတ်ခဲ့သလား?




မော်ရင်ဟိုဟာ ချယ်လ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အတွင်းမှာ သူ့ဆီရောက်လာတဲ့ဘောလုံးကို ကွန်တီဘက်ကို ရယ်ရွယ်ပြီး ကန်ထုတ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဒီမတိုင်မီက မန်နေဂျာနှစ်ဦးဟာ ပွဲစဉ်အတွင်း ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပြီးနောက် အခုလိုပြုလုပ်ခဲ့တာပါ။
မန်ယူအသင်း ကစားသမားဖြစ်သူ ဟာရဲရားဟာ ဟာဇက်ကို ပြစ်ဒဏ်ကျူးလွန်တဲ့အတွက် နှစ်ဝါတစ်နီနဲ့ အထုတ်ခံရချိန်မှာ မော်ရင်ဟိုအနေနဲ့ ဒိုင်ဖြစ်သူ မိုက်ကယ်အိုလီဗာကို မကျေနပ်တဲ့ပုံစံမျိုးလည်း ရှိနေခဲ့ပါတယ်။
 ဗီဒီယိုမှတ်တမ်းတွေအရ ပေါ်တူဂီနည်းပြဟာ ဟာရဲရား အနီကဒ်နဲ့ အထုတ်ခံရအပြီးမှာ သူ့ဆီရောက်လာတဲ့ ဘောလုံးကို ကွန်တီရှိတဲ့ထံ ကန်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အနီကဒ်အပြခံရတဲ့ ဟာရဲရားဟာ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို၊ အနီကတ်ပြသချိန်မှာ ဒိုင်လူကြီးကို အသင်းကစားသမားတွေ ဝိုင်းဝန်းစောဒကတက်ခဲ့တာကြောင့် တစ်သင်းလုံးကို FA ကစွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ကို ရည်ရွယ်ချက်ရှိရှိတက်နင်းခဲ့တဲ့ မားကို့စ်ရိုဟိုကိုတော့ ပြစ်ဒဏ်ချမှတ်ခြင်းမလုပ်တော့ကြောင်းလည်း သိရပါတယ်။ 

No comments:

Powered by Blogger.