Header Ads

Breaking News
recent

ပြည်ပဆန်တင်ပို့မှု မြင့်တက်လာစေရန် သင်တန်းဖွင့်မည်




ပြည်ပဆန်တင်ပို့မှု မြင့်တက်လာစေဖို့အတွက် ဆန်ပြည်ပတင်ပို့မှုဆိုင်ရာ သင်တန်းကို နှစ်စဉ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။
ပြည်တွင်းဆန်ကုန်သည်တွေအနေနဲ့ ပြည်ပဆန်ဝယ်လက်တွေကို ချိတ်ဆက်ရှာဖွေခြင်း၊ သင်္ဘောတင်ခြင်း၊ လိုင်စင်လျှောက်ထားမှု စတဲ့ ဆန်တင်ပို့မှုဆိုင်ရာ လုပ်ငန်းတွေကို စာတွေ့၊ လက်တွေ့ သုံးလကြာ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
အဲဒီသင်တန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းသင်ကြားပေးနေတာဖြစ်ပြီး ယခုနှစ်မှာ ပထမဆုံး ဖွင့်လှစ်တဲ့ အပတ်စဉ်(၁) သင်တန်းက သင်တန်းသား ၈၀ ကို သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

No comments:

Powered by Blogger.