Header Ads

Breaking News
recent

ဖရဲ၊ သခွားပြည်ပတင်ပို့ရန် အများပိုင်ကုမ္ပဏီ တည်ထောင်မည်




ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့နဲ့ ဖရဲ၊ သခွားတန်ဖိုးမြှင့် ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ဖို့ အတွက် မြန်မာနိုင်ငံဖရဲ၊ သခွား အများပိုင်ကုမ္ပဏီကို တည်ထောင်သွားမယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်းက သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံထွက် ဖရဲ၊ သခွားတွေကို  တရုတ်ဈေးကွက် တခုတည်းကိုပဲ အားထားတင်ပို့ နေရတဲ့အတွက် တရုတ်ကုန်သည်တွေရဲ့ ဈေးနှိမ်ဝယ်ယူမှုတွေအပါအ၀င် လမ်းခရီးကြန့်ကြာမှုတွေ ကြောင့် လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။
အများပိုင်ကုမ္ပဏီမှာ ဖရဲ၊ သခွားတွေကို လက်တွေ့စိုက်ပျိုးနေတဲ့ တောင်သူတွေကို ဦးစားပေးရှယ် ယာရှင်တွေ အနေနဲ့ လက်ခံသွားမှာဖြစ်ပြီးတော့ ဖရဲ၊ သခွားအရောင်း အ၀ယ်လောကနဲ့ ဆပ်စပ်နေတဲ့ ကုန်သည် တွေအပါအ၀င် မည်သူမဆို ရှယ်ယာထည့်ဝင်နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖရဲ၊ သခွားတွေကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာ  အဓိက စိုက်ပျိုးနေကြတာပါ။
အဲ့ဒီ ဖရဲ၊ သခွားတွေကို တရုတ်ပြည်ကို ရောင်းချနိုင်ဖို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း ကို နေ့စဉ် ကုန်ကား အစီးရေ ရာချီဝင်ရောက် နေပါတယ်။

No comments:

Powered by Blogger.