Header Ads

Breaking News
recent

ချဲလ်ဆီးဝတ်စုံဝတ် အသေခံဗုံးခွဲသမား ၇ နှစ်သားကလေးထံမှ ဗုံးကို ဖယ်ရှားကယ်တင်





စစ်ပွဲတွေဖြစ်နေတဲ့ အီရတ်နိုင်ငံမြို့တော် မိုဆူးလ်မြို့ရဲ့ အပြင်ဘက်မှာ အသက် ၇ နှစ်အရွယ်လောက်သာ ရှိဦးမယ့် အသေခံဗုံးဖောက်ခွဲသမား ကလေးငယ်တဦးဆီက ဗုံးကို စစ်သားတဦးက ဖယ်ရှားကယ်တင်ပေးခဲ့ရပါတယ်။
အဲဒီကလေးငယ်ဟာ ချဲလ်ဆီးအသင်းရဲ့ စတားဘောလုံးသမားတဦးဖြစ်တဲ့ ဟာဇက်ရဲ့ ဘောလုံးအင်္ကျီကို ၀တ်ဆင်ထားခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကယ်ဆယ်ရေးသမား စစ်သားတဦးက ကလေးငယ်ရဲ့ အပြာရောင်ဘောလုံးအင်္ကျီကို မတင်ခဲ့ပြီး သူ့ရဲ့ ခါးမှာပတ်ထားခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ကိရိယာတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
သူက ကလေးငယ်ကို ဘာမှမကြောက်ဖို့ ပြောပြီး အသေခံချိန်ကိုက်ဗုံးနဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကို စနစ်တကျဖြတ်တောက်ပေးခဲ့တာပါ။
အချိန် ၂ မိနစ်လောက်သာ ကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို Liveleak အင်တာ နက်စာမျက်နှာပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး မတ်လ ၁၈ ရက်နေ့က ရိုက်ကူးထားခဲ့တာလို့ ဖော်ပြထားတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဝေ ဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။


အိုင်အက်စ်အကြမ်းဖက်အဖွဲ့တွေဟာ ကလေးငယ်တွေကို အသေခံဗုံးဖောက်ခွဲမှုတွေမှာ ကာလအတန်ကြာကတည်းက အသုံးပြုခဲ့ကြပြီး ဒီကလေးငယ်ဟာလည်း ဓားစာခံတွေထဲက တဦးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.