Header Ads

Breaking News
recent

အစာအဆိပ်သင့်မှုကြောင့် လူရာချီ မြောင်းမြပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ




အစာအဆိပ်သင့်မှုကြောင့် မြောင်းမြဆေးရုံမှာ လူ ၃၀၀ ထက်မနည်း ဆေးကုသမှုခံယူနေရတယ်လို့ မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက ပြောပါတယ်။
ဖြစ်စဉ်မှာ  မြောင်းမြမြို့နယ် အိမ်တစ်လုံးကျေးရွာမှာ မနေ့ မတ် ၂၃ ရက်က ပြုလုပ်တဲ့  ရှင်ပြုပွဲ အလှူတခုမှာ ငါးသလောက်ပေါင်း၊ ငံပြာရည်ကျော်၊ ပိန္နဲပြုတ်နှင့် မယ်ဇလီဟင်းချိုတို့ကို စားမိရာကနေ လူရာနဲ့ချီအစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။
အလှူကို အနီးမှာရှိတဲ့ကျေးရွာသုံးရွာက လာရောက် စားသောက်ခဲ့ကြပြီး ည ၆ နာရီခန့်မှာ မူးဝေတာ အော့အန်တာ ၀မ်းသွားတာ ကိုယ်လက် မအီမသာဖြစ်တာတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အိမ်တစ်လုံးကျေးရွာအုပ်ချုပ်ရေးမှူးဦးလေးလွင်က ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိလူနာအရေအတွက်အတိအကျကိုတော့ စာရင်းကောက်ယူဆဲဖြစ်ပြီး မြောင်းမြဆေးရုံမှာ တော့ဆေးကုသမှု ခံယူနေရသူ ၃၀၀ ထက်မနည်းရှိတယ်လို့ မြောင်းမြမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးမိုးသူကပြောပါတယ်။
လူနာတွေကိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွေကလည်းလာရောက်ကူညီပေးနေ ကြပါတယ်။
လူနာအရေအတွက်များလွန်းတာကြောင့် ဆေးရုံမှာ နေရာမရှိတော့ပဲ ရွက်ဖျင်တဲထိုးပြီးနေရာချထားပေးနေရပါတယ်။
ဖြစ်ပွားတဲ့ကျေးရွာမှာလည်း ကျန်းမာရေးကတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေပါတယ်။

No comments:

Powered by Blogger.