Header Ads

Breaking News
recent

မိုင်းရှူးမြို့​ပေါ်တွင် ပြည်သူများ မဲ​ပေးရန် ​တန်းစီ​စောင့်​ဆိုင်း





ဒီနေ့နိုင်ငံတ၀န်းက လစ်လပ်မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပနေပြီး မိုင်းရှူးမြို့ပေါ်မှာ ပြည်သူတွေ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။
မိုင်းရှူးမြို့မှာ ရပ်ကွက်ကျေးရွာအုပ်စု ၂၄ ခုရှိတဲ့အထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ လွှမ်းမိုးမှုရှိတဲ့ ကျေးရွာ ၁၃ ရွာရှိပြီး အစိုးရအုပ်ချုပ်မှုလွှမ်းမိုးတဲ့ ကျေးရွာ ၁၁ ရွာရှိပါတယ်။ မိုင်းရှူးမြို့မှာ မဲရုံ ၄၄ ရုံရှိပြီး မဲဆန္ဒရှင် လေးသောင်းသုံးထောင်ကျော်ရှိပါတယ်။
မိုင်းရှူးမြို့မှာ ပြည်နယ်လွှတ်တော်နှစ်နေရာနဲ့ ပြည်သူလွှတ်တော်တနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝလစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။

No comments:

Powered by Blogger.