လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရန် စိတ်ဝင်စား
လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီအသင်းကတော့ လီဗာပူးတိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့အတွက် အငှားစာချုပ်နဲ့ အရင်ဆုံး ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီအကုန်မှာ ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီး လီဗာပူးကတော့ ပြောင်းရွှေ့ကြေးတန်ဖိုးအနေနဲ့ ပေါင်သန်း ၃၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ စတုတ်စီးတီးအသင်းကလည်း စတာရစ်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပါတယ်။
အင်္ဂလန်တိုက်စစ်မှူး စတာရစ်ခ်ျဟာ လီဗာပူးအတွက် ကစားပေးထားတဲ့ ၁၁၃ ပွဲမှာ ၅၉ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
No comments: