Header Ads

Breaking News
recent

လောက်ကိုင်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားတချို့ သေဆုံး (ရုပ်သံ)



ဒီနေ့ မနက် ၂ နာရီ ၀န်းကျင်လောက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့ ယူနယ် နယ်စပ်ဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
“အသံတွေ တအားကျယ်ပြီး လူသေ ဒဏ်ရာ ရတာတွေ ရှိတယ်။ ဘယ်လောက်လဲ မသိပေပမယ့် အပြင်လဲ မထွက်ရဲကြဘူး”လို့ လောင်ကိုင်မှာ သီတင်းသုံးတဲ့  ဦးဇင်တပါးက ပြောပါတယ်။ တိုက်ပွဲတွေက ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
အရပ်သားတွေရဲ့ အလောင်းတွေကို တွေ့ရတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
လောင်ကိုင်ကို ၀င်ရောက် တိုက်ခိုက်တဲ့ လက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
တိုက်ခိုက်တဲ့ အဖွဲ့က ဘယ်အဖွဲ့ဆိုတာလည်းတော့ သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

No comments:

Powered by Blogger.