Header Ads

Breaking News
recent

လမ်းဘေးဂီတဖျော်ဖြေသည့်အဖွဲ့ကို ဘတ်စ်ကားဝင်တိုက်မိ၊ ၃၈ ဦးထက်မနည်း သေဆုံး



ဟေတီနိုင်ငံမှာ လူ ၂ ဦးကို တိုက်မိပြီး ထွက်ပြေးတဲ့ ဘတ်စ်ကားက တခြားလူအုပ်တွေကိုပါ ထပ်တိုက်မိလို့ လူအားလုံး ၃၈ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက မတ်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ပထမဆုံး လမ်းလျှောက်သူ ၂ ဦးကို တိုက်မိလို့ တဦးက သေဆုံးသွားခဲ့ပြီး တိုက်တဲ့ကား မောင်းပြေးသွားတာလို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။
မောင်းပြေးရင်း လမ်းဘေးဂီတဖျော်ဖြေသူအဖွဲ့တဖွဲ့ကိုပါ တိုက်မိခဲ့တဲ့အတွက် အဲဒီမှာ လူတွေသေဆုံးခဲ့တာပါ။
ပေါ်တိုဖရင့်စ် (Port-au-Prince) ရဲ့ မြောက်ဘက် မိုင် ၉၀ အကွာက မြို့မှာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးရုံကို အရေးပေါ် တင်ပို့ထားရပါတယ်။
ဘတ်စ်ကားမောင်းသူရော၊ လိုက်ပါသူအားလုံးကိုပါ ရဲတပ်ဖွဲ့က ခဏထိန်းသိမ်းခဲ့ပြီး ယာဉ်မောင်းကတော့ ထွက်ပေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဟေတီနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေဖြစ်ရင် ယာဉ်မောင်းကို လူအုပ်နဲ့ ဝိုင်းရိုက်လို့ သေဆုံးမှုတွေဖြစ်တဲ့အတွက် ယာဉ်မောင်းတွေက ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။ ဒီယာဉ်တိုက်မှုကို တိတိကျကျ စစ်ဆေးအရေးယူဖို့ သမ္မတက တောင်းဆိုထားပါတယ်။

No comments:

Powered by Blogger.