Header Ads

Breaking News
recent

အမေရိကန် အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်း ဝင်ရောက်ဖွယ်ရှိ




အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းကို နှင်းမုန်တိုင်း ဝင်ရောက်ဖွယ်ရှိပြီး ဆီးနှင်းထု ၂ ပေခန့်အထိ ကျဆင်းနိုင်တယ်လို့ မိုးလေဝသဌာနက မတ်လ ၁၃ ရက်နေ့မှာ သတိပေး နှိုးဆော်ထားပါတယ်။
အဲဒီအတွက် နယူးယောက်မြို့ခံတွေဟာ ဆီးနှင်းတွေကိုဖယ်ရှားဖို့ ဂေါ်ပြားတွေ၊ နှင်းခဲအရည်ပျော်ဆေးတွေကို ဝယ်ယူနေကြပါတယ်။
နယူးယောက်မြို့ ကုန်မာပစ္စည်းဆိုင်တခုမှာ လူတွေဟာ ဂေါ်ပြားတွေ၊ နှင်းခဲအရည်ပျော်ဖို့ ဆားအိတ်တွေ ဝယ်ယူနေကြတာကို မြင်တွေ့ရပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ် တချို့ဒေသတွေနဲ့ နယူးဂျာစီ၊ နယူးယောက်နဲ့ ကွန်နက်တီကပ်ပြည်နယ်တွေမှာ နှင်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး နေ့အပူချိန်ဟာ ပုံမှန်ထက် ကျဆင်းနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Powered by Blogger.