Header Ads

Breaking News
recent

ကွတ်​ခိုင်​တွင်​ နေအိမ်​​ပေါ်သို့ လက်​နက်​ကြီး ကျ​ရောက်​ပြီး ရွာသား ၂​ဦးသေဆုံး




ရှမ်းပြည်နယ်မြောက်ပိုင်း  ကွတ်ခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီး လူနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်တဲ့အတွက် ရွာသားအသားအမိ ၂ ယောက်နဲ့ နွား ၁၀ ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အဲနမ့်ခုမ်းရွာက မြို့နဲ့ ၃မိုင်လောက်ပဲ ဝေးတာ။ အဲရွာက တောင်အောင်နားလေးမှာ ရှိတာ။ လက်နက်ကိုင်တွေက အဲတောင်ပေါ်ကနေ ပစ်တာ။ အဲတာကို ဒီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာကိုး တောင်ပေါ် မထိမရောက်ဘဲ။ အိမ်ပေါ်ထိပြီးတော့ လူရော နွားရော သေသွားတယ်” လို့ ကွက်ခိုင်ရှိ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်က အိမ်ပေါ်ကို လက်နက်ကြီးကျရောက်တဲ့အတွက် အိမ်တွင်းရှိ ဒေါ်မာဆာအောင်နဲ့ သူရဲ့သားဖြစ်သူတို့ သေဆုံးခဲ့ရပြီး ခြံဝင်းအတွင်းရှိ နွား ၁၀ ကောင်လည်း သေဆုံးခဲ့ရတာပါ။
ဒီနေ့ မနက် ၄ နာရီအချိန်မှ စပြီး ကွက်ခိုင်အနီးနားဝန်းကျင်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အခုအချိန်ထိ တိုက်ပွဲ ဖြစ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျမက ၁၀၅ မိုင်သွားမလို့ပါ။ ကွက်ခိုင်နဲ့ နမ့်ဖတ်ကာကြားနားလေးလောက် ရောက်တော့ အခြေအနေမကောင်းဘူးတဲ့ အဲဒါနဲ့ ကျမတို့ကား ပြန်လှည့်လာခဲ့တယ်”လို့ ကွတ်ခိုင် က အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် မနေ့ညကလည်း ကျောက်မဲမြို့အနီးနားက ကျေးရွာတွေဘက်မှာလည်း ပစ်ခတ်မှုတွေရှိတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။

No comments:

Powered by Blogger.