Header Ads

Breaking News
recent

တရုတ် မူလတန်းကျောင်းတွင် ကလေးငယ်များ တိုးကြိတ်နင်းမိသဖြင့် ၂ ဦး သေဆုံး




တရုတ်နိုင်ငံအလယ်ပိုင်းက ဟီနန်(Henan)ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ မနက်ပိုင်းက မူလတန်းကျောင်းတကျောင်းမှာ ကလေးတွေ တိုးကြိတ်နင်းမိကြရင် ကလေး ၂ ဦး သေဆုံးသွား တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းက ကြေညာပါတယ်။
ပူရန်ဆိုတဲ့မြို့က မူလတန်းကျောင်းတကျောင်းမှာ မနက်ပိုင်း ကျောင်းနားချိန် ကလေးတွေ အိမ်သာသုံးဖို့ စုပြုံတိုးမိကြရင်း သေဆုံးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ကလေး အယောက် ၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ၅ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဒေသခံ သတင်းစာတစောင်ကတော့ ကျောင်းသားလေးတွေ သူ့ထက်ငါ ထိုးမိကြရင်း အိမ်သာအုတ်တံတိုင်းပြိုကျလို့ သေဆုံးတယ်လို့ ဖော်ပြပါတယ်။
ဒေသခံအုပ်ချုပ်ရေးမှူးကတော့ ဒီဖြစ်ရပ်ကို စစ်ဆေးနေတယ်လို့ ပြောဆိုပြီး အသေးစိတ်တော့ မပြောဆိုပါဘူး။
တရုတ်နိုင်ငံမှာ အခုလိုဖြစ်ရပ်မျိုး အရင်ကလည်းဖြစ်ပွားဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တခုမှာ အခုလိုပဲ စာသင်ကျောင်းလှေကားပေါ် ကျောင်းသားတွေ တိုးကြိတ်နင်းမိခဲ့ကြတဲ့ဖြစ်ရပ်မှာ ကျောင်းသား ၆ ယောက် သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

No comments:

Powered by Blogger.