Header Ads

Breaking News
recent

ဆိုင်ကယ်သမား သေနတ်ကျည်ဆန်ထိမှန်သေဆုံးမှု တရားခံဖမ်းမိရေး စုံစမ်းနေဟု ရဲပြော




မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ မနေ့ မနက်ပိုင်းက သေနတ် ကျည်ဆန်ထိမှန်သေဆုံးတာနဲ့ပတ်သက်ပြီး နယ်မြေခံစခန်းမှူးကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့်စုံစမ်းနေကြောင်း ပြည်ကြီးတံခွန် မြို့နယ်ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ခန့် ဆိုင်ကယ် တက္ကစီသမား ကိုရဲဝင်းဆိုသူဖြစ်ပြီး   သူဟာ ကျန်စစ်သားလမ်း ၇၁ လမ်း နဲ့ ၇၂ လမ်းကြားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး လဲကျသေဆုံးနေတာဖြစ်ပါတယ်။
အလောင်းကို မန္တလေး ဆေးရုံကြီးမှာ ခွဲစိတ်စစ်ဆေးချက်အရ သေဆုံးသူ ကိုရဲဝင်းရဲ့ ဦးခေါင်းအတွင်းမှာ အလျား ၂.၇ စင်တီမီတာ၊ အကျယ် .၅ စင်တီမီတာရှိ ကြေးရောင် ကျည်ဆန်ထိပ်ဖူးတခုကို တွေ့ရှိရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။


ဒီအမှုနဲ့ပတ်သက်ပြီး  ပြည်ကြီးတံခွန် မြို့နယ်ရဲစခန်းမှုး ဒုရဲမှူး သိန်းလွင်က ပြစ်မှုပုဒ်မ ၃၀၂ အမှုဖွင့်ပြီး တရားခံကို ဖမ်းဆီးမိရေး စုံစမ်းနေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.