Header Ads

Breaking News
recent

ပရီးမီးယားလိဂ်မှ ဂိုးသမားများကို ရီးရဲလ် စိတ်ဝင်စား




စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာ ပွဲထွက်အသုံးပြုဖို့အတွက် ဂိုးသမားတဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် ဂိုးသမားတွေကို စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိဂိုးသမား နာဗက်စ်ရဲ့ လက်စွမ်းကို စိတ်တိုင်းမကျ ဖြစ်နေတာကြောင့် ကမ္ဘာ့အဆင့် ဂိုးသမားတဦးကို ရှာဖွေနေတာပါ။
ပြီးခဲ့တဲ့နှစ်ကတည်းက မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက် ဖြစ်ခဲ့တာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
ရီးရဲလ်အသင်းအနေနဲ့ ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ကိုလည်း စိတ်ဝင်စားနေပြီး ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးတာကြောင့် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။
ကော့တွိုက်စ်ကိုယ်တိုင်ကလည်း အပြောင်းအရွှေ့ကိစ္စ စိတ်မဝင်စားသေးဘဲ ချဲလ်ဆီးအသင်းအတွက် အာရုံစိုက်ထားတယ်လို့ ပြောကြားထားပါတယ်။
ရီးရဲလ်အသင်းဟာ စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေပြီး လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ်ဂိုးသမား ၃ ဦးထဲက တဦးကိုခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.