Header Ads

Breaking News
recent

လူအရိုးခေါင်း ၂၅၀ ကျော်ကို မက္ကဆီကို တာဝန်ရှိသူများ တွေ့ရှိ



မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကို ပင်လယ်ကွေ့တလျှောက်မှာရှိတဲ့ ဘယ်ရာ ဂရုစ်ပြည်နယ်မှာ လူ့အရိုးခေါင်း ၂၅၀ ကျော်ရှိတဲ့ သုသာန်မြေကို စုံထောက်တွေက ရှာဖွေတွေ့ရှိပြီးတဲ့နောက် ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဟာ လာရောက်ကြည့်ရှု ဆုတောင်းပေးခဲ့ကြပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေရာကနေ ဒီအရိုးခေါင်းတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဘယ်ရာ ဂရုစ်ဟာ မူးယစ်ဂိုဏ်းတွေ အချင်းချင်း အကြီးအကျယ် တိုက်ခိုက်လေ့ရှိတဲ့ ဒေသဖြစ်သလို သူတို့ရဲ့ ဓားစာခံတွေကို မြှုပ်နှံလေ့ရှိတဲ့ဒေသတခု ဖြစ်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖော်ထုတ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံနိုင်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
အခုချိန်ထိတော့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်ကြွင်းတွေကို ဘယ်သူတွေဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ပြီလို့ သိရပါတယ်။
သားတယောက် ပျောက်ဆုံးသွားတဲ့ ဒေသခံ အမျိုးသမီးတဦးက အခြေအနေတွေက ပိုကောင်းမလာဘဲ ဆိုးလာကြောင်းနဲ့ အရင်နှစ်ကထက် ဒီနှစ်မှာ အမျိုးသမီးတွေ အသတ်ခံရမှုတွေ၊ လူပျောက်ဆုံးတာတွေ၊ ပြန်ပေးဆွဲမှုတွေ ပိုများလာတယ်လို့ ပြောခဲ့ပါတယ်။
သမ္မတသစ်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးသစ် လက်ထက်မှာလည်း ဘယ်ရာ ဂရုစ်မှာ ရာဇဝတ်မှုတွေ ထူပြောနေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.